လေယာဉ်ကွင်းမှာ လူတွေ လူတွေသူ့တို့ကိစ္စနဲ့သူတို့ သွားလာနေကြတာ။ စီးပွားရေးသမားတွေ မိသားစုတွေ ကလေးတစ်ပြုံတစ်ခေါင်းနဲ့ ပြေးလွှားသွားလာနေကြတာ ဆပ်ကပ်တစ်ခုထဲ ရောက်သွားသလိုပဲ။ ပင်ပန်းနေတာတွေတောင် သူတို့ကို ကြည့်ရင်းဘယ်ရောက်သွားမှန်းကို မသိပါဘူး။ လေယာဉ်ပေါ် မတက်ရသေးလို့သာ မျက်စိအညောင်းခံပြီး ကြည့်နေရတာ။
"မီရာမီ ဖလော်ရီဒါသို့သွားမယ့် လေယာဉ်အမှတ် 186သို့ တက်လို့ရပါပြီ" ဆိုတဲ့ အမျိုးသမီးရဲ့ ကြော်ညာသံကိုကြားရမှပဲ စိတ်ချမ်းသာတော့တယ်။
"အခုမှပဲ" ကျွန်မထိုင်နေတဲ့ နေရာလေးကထပြီး ဒီဆပ်ကပ်လိုလူအုပ်ကြီးရဲ့ အဝေးကို ထွက်လာခွင့်ရတော့တယ်။ လမ်းမှာ လူတွေကို တိုးလိုက်ရတာ တစ်ချို့ဆို ကျွန်မကိုများ မသတီသလို ကြည့်နေကြတာ။ အဲ့လိုကြည့်တဲ့သူတွေအများစုကလဲ ချမ်းသာတယ်လို့ ထင်ရတဲ့သူတွေနဲ့ ကျွန်မကို ရှိနေတယ်လို့တောင်မထင်ပဲ သူတို့ကလေးတွေနောက်လိုက်ဖို့ ကျော်မယ်ခွမယ်ကြံနေတဲ့ သူတွေနဲ့ စိတ်ပျက်မိပါတယ်။ လေယာဉ်တံခါးဝက အမျိုးသမီးကို လက်မှတ်ပြပြီးမှပဲ ရှေ့ဆက်နိုင်တော့တယ်။ အခုမှပဲ လေယာဉ်ပေါ်မှာ စိတ်ချမ်းသာသာနေရတော့တယ်။
လေယာဉ်ခုံပေါ်မှာ ထိုင်ပြီးမှပဲ ကျွန်မရဲ့ အမကို ဘယ်လောက်နဲ့ဘယ်လောက် နှိပ်စက်ချင်မှန်းသိလာတယ်။ ပထမအချက်က လေယာဉ်စီးရမှာ မကြိုက်မှန်းသိတဲ့ကျွန်မကို ဖလော်ရီဒါ လာခိုင်းတယ်။ ဒုတိယအချက်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ သိလိုက်ရတဲ့ သူယောကျာ်းယူတော့မယ်ဆိုတာရယ်။ တတိယအချက်ကတော့ ကျွန်မက သူ့ရဲ့ အရံသတိုးသမီး လုပ်ပေးရမယ်ဆိုပဲ။ စတုတ္ထအချက်က ကျွန်မ လေယာဉ်စီးရတာကို သိပ်မုန်းတယ်။ နောက်ဆုံးအချက်တော့ ကျွန်မကို ဘာမှမတိုင်ပင်ပဲ လေယာဉ်လက်မှတ်ဝယ်ပေးပြီး သုတ်ခြေတင် ထွက်လာခိုင်းတာပဲ။
အာ!!! ကျွန်မရဲ့ အမ ဂျူလီယာ အတိုကောက် ဂျူးကတော့ ၂၅နှစ်ရှိနေပြီကို ၁၆နှစ်ကလေးကို လုပ်ပြီး လပိုင်းပဲတွေ့ရသေးတဲ့ ယောကျာ်းတစ်ယောက်ကို ယူတော့မယ်ပြောလာတော့ သူတို့နှစ်ယောက် တကယ်ချစ်သွားကြတာလား မဟုတ်ရင်တော့ သူ့ဘဲက တော်တော်ပိုက်ဆံရှိနေလို့ပဲဖြစ်မှာပါ။ ဂျူကသူ့ရဲ့ ဖူးစာဖက်ကိုရှာတွေ့ဖို့အတွက် ရည်းစားထည်လဲတွဲနေတာဆိုတော့လည်း မပြောတတ်ပါဘူး။ ကျွန်မကတော့ ရည်းစားထားဖို့နေနေသာသာ ကိုယ့်အတွက်ကိုယ်တောင် အချိန်မလောက်လို့ သေချင်စော်နံနေတာ။ ရည်းစားမထားဘူးတဲ့သူလို့တော့ မထင်ပါနဲ့။ အရင့်အရင်ကတော့ ထားဖူးတာပေါ့ အခုကတော့ တကယ်ကို အချိန်မလောက်ဘူး။ ဘာလို့မလောက်လည်းဆိုတော့လည်း တစ်ပတ်မှာ ၅ရက် အလုပ်လုပ်ရတယ်။ အလုပ်နားတဲ့ ၂ရက်မှာ ကောလိပ်အတွက် Online သင်တန်းလေးတွေတက်ရသေးတယ် ပြီးတော့ အခုလတ်တလောမှ ဝယ်ထားတဲ့ အိမ်ကိုလည်း အမှန်ပြောရရင် အိမ်အိုကြီးကိုလည်း ပြန်ပြင်နေရသေးတယ်ဆိုတော့ ဘယ်မှာလဲ ကျွန်မအတွက် အားလပ်ချိန်။
ကျွန်မက အသက်၂၃နှစ်ဆိုပေမယ့် ကိုယ့်ဟာကို ရင့်ကျက်မှုမရှိသလို ခံစားနေရတယ်။ အမက ငယ်ငယ်ကတည်းက ပြသာနာအရမ်းလုပ်လို့ အသက်၁၈နှစ်မှာ အိမ်ပေါ်က နှင်ချခံလိုက်ရတယ်လေ။ ကျွန်မအတွက်တော့ အမတစ်ယောက်ထဲ မနေတတ်ဖြစ်မှာဆိုးလို့ဆိုပြီး အမနဲ့အတူ အိမ်ပေါ်က ဆင်းလာခဲ့တာပေါ့။ အစပိုင်းမှာတော့ သူငယ်ချင်းနဲ့နေတယ်။ နောက်ပိုင်းကျတော့ နိုင်ငံသားကတ်အတုတစ်ခုရလို့ စားပွဲထိုးအလုပ်လုပ်ပြီး ညီမနှစ်ယောက် တိုက်ခန်းငှါးနေဖြစ်ကြတယ်။ ကျွန်မတို့ဆီမှာ အသက်၁၆နှစ်ဆို အလုပ်ပေးမလုပ်တော့ နိုင်ငံသားကဒ်အတုနဲ့ အသက်၁၈နှစ်ပါလို့ လိမ်ရတာ အမက အလုပ်မလုပ်ချင်တော့ ကျွန်မပဲလုပ်ရတော့တာပေါ့။ နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဝမ်းစာရှာရမှာပဲလေ။ အမအသက်၂၀ပြည့်တော့ သူ ကယ်လီဖိုးနီးယားကို ထွက်သွားခဲ့တယ်။ ကျွန်မကတော့ အိုဟိုင်းယိုးမှာပဲ အလုပ်လုပ်ပြီး ကျန်နေခဲ့ရတယ်။ အမက အဲ့ဒီအချိန်ကစပြီး နေရာအနှံ့လျှောက်သွားတယ် ပြီးရင် အပတ်တိုင်းကျွန်မကို ဗီဒီယို Call ခေါ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေ သူတွဲနေတဲ့ဘဲတွေအကြောင်းပြောပြတာ ကြာတော့ နားတောင်ငြီးလာတယ်။
ထူးထူးခြားခြား တစ်နှစ်လောက် သူ့ဆီက ဘာမှမကြားရတော့ပါလားလို့ တွေးနေကာမှ ရုတ်တရက်ဆက်သွယ်လာပြီး သူမင်္ဂလာဆောင်တော့မယ်တဲ့ ကျွန်မအတွက်လည်း လေယာဉ်လက်မှတ်ဝယ်ထားပြီးပြီတဲ့ အခုထွက်လာခဲ့တော့ဆိုပြီး ဗြုန်းစားကြီး ပြောလာတော့တာပဲ။ ကျွန်မက အမကို ချစ်ပါတယ် ဒါပေမယ့်လည်း တစ်ခါတစ်လေကျရင် အခုလိုတွေလုပ်လွန်းလို့ သူ့ကို စိတ်ရှိလက်ရှိ ကိုင်ပေါက်ပစ်ချင်တယ်။
လေယာဉ်ပေါ်က ကျွန်မရဲ့ နေရာလေးမှာထိုင်ပြီး La-La Land ဆိုတဲ့ သီးချင်းလေးကို ညည်းနေကာမှ တစ်ယောက်ယောက် ကျွန်မကို အနံလာခံနေတယ်လို့ ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်ကာမှ အသက်၂၀ဝန်းကျင်လောက်ရှိမယ်လို့ထင်ရတဲ့ ယောကျာ်းတစ်ယောက်ရောက်နေတယ်။ သူ့ပုံစံက ဆံပင်အညိုရင့် မျက်လုံးကလည်း အညိုရင့်နဲ့ ယောကျာ်းပီသတဲ့ မေရိုးကားကားပုံစံကို ပိုင်ဆိုင်ထားတယ်။ကျွန်မကို ပြုံးပြလိုက်တာ သူ့ရဲ့ သွားဖွေးဖွေးတွေကိုပေါ်လို့။
"ဘာကူညီပေးရမလဲ" လို့မေးလိုက်မိပါတယ်။ နောက်မှ သတိထားမိတာ သူ့မျက်နှာကြီးက ကျွန်မနားမှာ တော်တော်ကပ်နေတာပဲ။
အဲ့ဘဲကြီးနဲ့ ဝေးရာကို သွားမယ်ဆိုကာက "နင့်ရဲ့ အနံက ကောင်းလိုက်တာ" လို့ပြောလာတယ်။
"အိုး ကျေးဇူးတင်ပါတယ်။ အခုတော့ ကျွန်မကို အနံလိုက်ခံနေတာ ရပ်ပြီး ဝေးဝေးသွားပါတော့"လို့ ကျွန်မ အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးလေးပြောလိုက်တာပဲ။
ကျွန်မကို အဲ့ဘိုးတော်ကထပ်ပြုံးပြလိုက်သေးတယ် ပြီးမှ သူ့နေရာသူသွားထိုင်လို့ တော်သေးတာပေါ့။
ကျွန်မကိုစိုက်ကြည့်နေတာ ကြောက်စရာကောင်းလိုက်တာ။ အနားကနေ လေယာဉ်မယ်လှလှလေးဖြတ်သွားမှ ကျွန်မကို စိုက်ကြည့်တာ ရပ်တော့တယ်။
လေယာဉ်လည်း စထွက်မယ်ပြောကော ကျွန်မဖြင့်ကြောက်လိုက်တာ။ ဒါကြောင့် လေယာဉ်စီးရတာကို သေလောက်အောင်မုန်းတာပဲ။ လက်ကိုခုံမှာ ကျစ်ကျစ်ပါအောင်စုတ်ထားရတာ ကလေးထွက်ခါနီး ညစ်နေရတဲ့ မီးနေသည်လိုပဲ။ ကြောက်စိတ်နဲ့ ရင်တွေအရမ်းခုန်လာတာ ပေါက်ကွဲမတတ်ပဲ။
"လေယာဉ်စီးရတာကို ကြောက်နေတာလား"လို့ ဘေးနားကနေ စောစောက လူရဲ့ အသံကို ကြားလိုက်ရတယ်။ အသံကြားပေမယ့်လည်း မသိချင်ဟန်ဆောင် ဆက်ကြောက်နေတယ်။ အမကိုပဲ အပြစ်တွေ တင်နေမိတယ်။ တွေ့လို့ကတော့ မလွယ်ဘူးမှတ် အမရေ။
လေယာဉ်စထွက်ဖို့ ဘီးလိမ့်လေလေ ကျွန်မ ပိုပိုကြောက်လာလေလေ။ မျက်လုံးကို အသေပိတ် လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရတယ်။ ကြောက်လိုက်တာ။ လေယာဉ်ပေါ်ကနေ ပြန်ခုန်ဆင်းချင်စိတ်တောင် ပေါက်တယ်။
" ကလေးမလေးလို လေယာဉ်စီးရမှာ ကြောက်နေတယ်တဲ့လား" စောစောကလူ ကျွန်မဘေးနားကနေ လာပြောနေတယ်။ သူ့ကို စိတ်ထဲမထားပဲ အမကိုပဲ ဘယ်လိုလက်စားပြန်ချေရမလဲ တွေးနေလိုက်တယ်။
လေယာဉ်က ဖြည်းဖြည်းလေးထွက်နေတာ ဒီကကြောက်လို့သေတော့မယ်။ မြန်မြန်အပေါ်တက်တော့။ လေယာဉ်လည်းအပေါ်စတက်ရော အနားမှာ တစ်ယောက်ယောက် လာအနံခံနေသလိုပဲ ခံစားလိုက်ရပြန်ရော။ "ရှင်ရူးနေတာလား ကျွန်မနားက မြန်မြန်ဖယ်" လို့ အံကြိတ်ပြီး ပြောလိုက်မိတယ်။ ကြောက်လွန်းလို့ ဒေါသထွက်ဖို့တောင် အားမရှိတော့ဘူး။
ဒင်း!!!ဆိုတဲ့ အသံကြားမှ မျက်လုံးကိုဖွင့်လိုက်တယ်။ ခါးပတ်က မီးလင်းနေတာဆိုတော့ အခုဝေဟင်ပေါ်ရောက်နေပြီဆိုတာပဲ။ အခုမှပဲ စိတ်ချမ်းသာရာရတော့တယ်။ ကျွန်မရဲ့ ညာခြမ်းကို လှည့်ကြည့်လိုက်တော့ စောစောက အနံလိုက်ခံနေတဲ့ နှာဘူးတစ်ယောက် ရှိတာမတွေ့တော့မှပဲ အလုံးကြီးကျသွားတော့တယ်။
ကြည့်ရတာ အဲ့တစ်ယောက် နည်းနည်းများ ဂေါက်နေတာလား ဒါမှမဟုတ် လူသတ်သမားများလား။ လူသတ်မယ့်ရုပ်တော့ မဟုတ်လောက်ပါဘူး ရုပ်ရည်လေးက သန့်သန့်လေးနဲ့။ ပြောမရဘူးလေ အခုခေတ်က အပြင်ပိုင်းနဲ့ လူတစ်ယောက်ကို ခွဲခြားလို့မှမရတာ။ လူသတ်ကားတွေလည်း အများကြီးကြည့်ထားဖူးတော့ ရုပ်ချောတိုင်းလည်း လူကောင်းပါလို့ ပြောမရဘူး။
"မဟုတ်တရုတ် တွေးနေတာတွေ ရပ်လိုက်တော့" လို့ ကိုယ့်စိတ်ကို ပြန်သတိပေးနေရတယ်။
အခုမှ လေယာဉ်ပေါ်က လူတွေကို လှည့်ပတ်ကြည့်ပြီး အကဲခတ်နေမိတယ်။ တစ်ချို့က စီးပွားရေးသမားတွေနဲ့တူတယ် တစ်ချို့ကြတော့ အေးဆေးတဲ့လူတွေ စာအုပ်လေးတွေဖတ်လို့ ကိုယ်စီကိုယ်စီနေနေကြတာ။ အမျိုးသမီးတွေကိုကြည့်ရတာလည်း ဆံပင်သပ်သပ်ရပ်ရပ်နဲ့ အရမ်းကို ကြည့်လို့ကောင်းကြတာပဲ။ ကျွန်မရဲ့ အညိုရောင် ဆံပင်ရှည်ကြီးကတော့ မျက်နှာနားမှာ ဝဲကျနေတာပဲ။ ဝတ်ထားတာကလည်း အမဲရောင် တီရှပ်နဲ့ အပြာရောင်ဂျင်းဘောင်းဘီလေးကို ပေါ့ပေါ့ပါးပါးဆိုပြီး ဝတ်လာလိုက်တာ။ အပေါ်က အမဲရောင် ဂျက်ကပ် အမဲရောင် ဘွတ်ဖိနပ်ဆိုတော့ ဘောင်းဘီကလွဲပြီး တစ်ကိုယ်လုံး မဲနေတာပဲ။ ကျွန်မကိုယ်တိုင်ကလည်း အမျိုးသမီးဆန်ဆန်မဝတ်တတ်။ အခုလို ပေါ့ပေါ့ပါးပါးလေးတွေ ဝတ်တာကိုပဲ အကျင့်ဖြစ်နေပြီ။
ကျွန်မရဲ့ မြင်ကွင်းရှေ့ကို အမဲရောင်ဂျင်းဘောင်းဘီ အဖြူရောင်ကိုယ်ကျပ်ဝတ်ထားတဲ့ လူတစ်ယောက်က ဝင်လာတယ်။ ခန္တာကိုယ်မှာလည်း ကြွက်သားတွေနဲ့ တောင့်တင်းနေတာပဲ။ အပေါ်ကို ဆက်ကြည့်လိုက်တော့ အညိုရောင်ဆံပင် အညိုရောင်မျက်လုံး ဖြူဖွေးနေတဲ့ သွားတွေကို ပိုင်ဆိုင်ထားတဲ့ လူ။ စောနကလူ။ သေချာကြည့်မှ သူ့ရဲ့နှုတ်ခမ်း မေးစေ့ မေးရိုးတွေမှာ စောတွေအရမ်းကြိုက်တဲ့ နှုတ်ခမ်းမွှေးရေးရေးလေးတွေပေါက်နေတာပဲ။ သူ့ကြည့်ရတာ လူချာလူခန့်တစ်ယောက်ပါပဲ ကျွန်မကို သူ့ကြိုက်မလား လာမေးရင်တော့ NOပါ ဘာလို့လည်းလိုတော့ လာမမေးပါနဲ့။
"မော်ဂန်လား" လို့ အသံသြသြနဲ့ပြောလာတော့ မျက်လုံးပင့်ပြီးတော့ သူ့ကို ကြည့်မိတယ်။ " နာမည်က မော်ဂန်လား"
"ဘယ်လိုသိတာလဲ" ကျွန်မ သိလိုစိတ်နဲ့ မေးလိုက်မိတယ်။ သူနဲ့ကျွန်မနဲ့လည်း သိတာမှမဟုတ်တာ ကျွန်မနာမည်ကို ဘယ်လိုသိသွားတာပါလိမ့်။
"ကျွန်တော် ခင်ဗျားနောက်က တစ်ယောက်ကိုပြောနေတာ" လို့ ကျွန်မဘေးနားလာထိုင်ပြီး ရယ်ရွှမ်းရွှမ်းလာပြောနေတယ်။ မုန်းဖို့ကောင်းလိုက်တာ။
"ဒါဆို ရှင်ကကော"လို့ ကောင်းကောင်းမွန်မွန်ပဲ မေးပေးလိုက်ပါတယ်။ အနည်းဆုံးတော့ ကျွန်မကို အနံလာမခံနေဘူးလေ။
"ဂျေ့စ်" ဆိုပြီး ပြုံးပြုံးကြီးပြောလာတယ်။
ကျွန်မအသိအမှတ်ပြုပေးတဲ့ အနေနဲ့ ခေါင်းလေး ငြိမ့်ပြပြီး ပြတင်းပေါက်ဘက်လှည့်နေလိုက်တယ်။ ၂နာရီတောင် စီးရမယ့် လေယာဉ်ဆိုတော့ တစ်ရေးလောက်အိပ်ပြီး လိုက်မှဖြစ်မယ်။ အမကိုပဲ စိတ်တိုချင်လာတယ်။ ဒါတွေက သူ့ကြောင့်ပဲ အခုလို ကြောက်ကြောက်နဲ့ လိုက်လာရတာ။ ကျွန်မရဲ့ ပါးပြင်ကို ပူနွေးနွေးလေငွေ့တွေလာတိုက်တော့မှ ဒေါသတွေ ထောင်းကနဲ ထွက်လာတော့တယ်။ သည်းမခံနိုင်တော့ဘူး။
"ရှင်ကျွန်မကို ဒီလိုဆက်ပြီး အနံလိုက်ခံနေမယ်ဆိုရင်တော့ ရှင့်နှာခေါင်းကိုဖြတ်ပြီး ရှင့်လည်ပြွန်ကိုပါ ပိတ်ပစ်လိုက်မယ်" လို့ သူ့မျက်လုံးကို တည့်တည့်ကြီးပြီး ပြောပလိုက်တယ်။ ကျွန်မနားကို အရမ်းလာကပ်နေတာ နည်းနည်းလေးရွေ့မိတာနဲ့ နမ်းမိတော့အောင်ပဲ။ ဘုရားရေ ဒီလူဘာများလိုသွားတာပါလိမ့်။
အဲ့တစ်ယောက် ရီပြီး သူ့နေရာသူပြန်သွားခဲ့လို့တော်သေးတယ်။ ကျွန်မလေ သူ့ကိုယ်ပေါ်ကို သောက်မြင်ကတ်ပုဒ်မနဲ့ အန်ချလိုက်ချင်တယ်။ လေယာဉ်မယ်လေးတစ်ယောက်ရောက်လာမှပဲ ကျွန်မစိတ်ချမ်းသာတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဟိုတနှာရူးက လေယာဉ်မယ်နဲ့ကျူနေတာကိုး။
"မင်္ဂလာပါ အခုပြောနေတာကတော့ သင်တို့ရဲ့ လေယာဉ်မှူးပဲဖြစ်ပါတယ်။ American လေကြောင်းလိုင်းကို စီးနှင်းပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ အခုဆိုရင် လေယာဉ်စဆင်းတော့မှာ ဖြစ်ပါတယ်" လို့ မိုက်ကနေ အမျိုးသားအသံထွက်လာတယ်။
လေယာဉ်က စဆင်းနေပြီဆိုတော့ အနည်းငယ်ခါသွားလို့ အတက်တုန်းကလို ပြန်ကြောက်လာသေးတယ်။ ဘေးကနေ ရယ်သံကြားလိုက်ရသေးတယ်။ ဘေးကလူတော့ သေတော့မယ်။ ကျွန်မကို နည်းမျိုးစုံ နှိပ်စက်နေတာ။ လေယာဉ်ပေါ်ကနေ ဆင်းရင် သူနဲ့ထပ်တွေ့စရာအကြောင်းမရှိတော့လို့သာ သည်းခံနေတာ။
၁၅မိနစ်လောက်လည်း ကြာပြီးရော လေယာဉ်လည်း မြေပြင်ပေါ်ရောက်ရော။ Jaceတစ်ယောက် ကျွန်မနောက်ကနေ တကောက်ကောက်လိုက်လာတာ ကြောက်တောင်ကြောက်လာတယ်။ ကျွန်မသူ့ကို မျက်စောင်းတွေ ထိုးကျွေးနေတာကို ရီရီမောမောပဲ လိုက်လာနေသေးတယ်။ ဒီလူကတော့ တော်တော်လွတ်နေလောက်ပြီ။ လေယာဉ်ကွင်းအဆောက်အအုံထဲလည်းရောက်ရော လူတွေကများလွန်းလို့ ကျွန်မကို လာကြိုမယ့် ဂျူးကို မနည်းရှာရတယ်။ ကြည့်သာကြည့်နေတာ ဂျူး ရဲ့ အရိပ်အရောင်တောင်မတွေ့ရပါလား။ နောက်မှ "မော်ဂန် စတုန်း"လို့ရေးပြီးကိုင်ထားတဲ့ စာလေးကိုတွေ့မှပဲ စိတ်ချရတော့တယ်။
အဲ့နားကိုသွားတော့ နာမည်ကို ကိုင်ထားတဲ့သူက သက်တော်စောင့်လိုလိုဘာလိုလို ပုံစံနဲ့။ "မော်ဂန် စတုန်း" လားလို့ ကျွန်မကို သေချာကြည့်ပြီး မေးလိုက်သေးတယ်။ "နောက်ကလိုက်ခဲ့ပါ" တဲ့။
လိုက်ခဲ့ဆိုတော့လည်း လိုက်သွားရတာပေါ့...
ပထမအပိုင်း ပြီးပါပြီ!!!
အခုမှ စပြီး ဝတ္ထုကို ဘာသာပြန်တာမလို့ အမှားလေးတွေ အရေးအသားမပြေတာလေးတွေရှိရင် သည်းခံပြီးဖတ်ပေးကြပါလို့။ နောက်အပိုင်းတွေကျရင် စာရေးဆရာနီးနီး အရေးအသားတိုးတက်လာအောင် ကြိုးစားပါမယ်လို့။ အားပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
တစ်ပတ်တစ်ပိုင်း အဆင်ပြေသလို တင်ပေးသွားပါမယ်လို့။
— Un nuevo capítulo llegará pronto — Escribe una reseña